မက္ကဆီကိုနိုင်ငံတောင်ပိုင်း ကွန်ဂရီဂါစီယွန် ရီဖော်မာမြို့၏ အနောက်-အနောက်တောင်ဘက် ၂ ကီလိုမီတာအကွာကို ဗဟိုပြု၍ ဇူလိုင် ၁၄ ရက် (အင်္ဂါနေ့) GMT ၀၁၁၉ နာရီတွင် ပြင်းအားပမာဏ ၅.၀ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က သတင်းထုတ်ပြန်ထားသည်။ အဆိုပါမြေငလျင်သည် မြေအောက်အနက် ၈၀.၄ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ကနဦးတွက်ချက်မှုများအရ ငလျင်ဗဟိုချက်မှာ မြောက်လတ္တီတွဒ် ၁၄.၇၇ ဒီဂရီနှင့် အနောက်လောင်ဂျီတွဒ် ၉၂.၃၃ ဒီဂရီတွင် တည်ရှိကြောင်း ဆင်ဟွာသတင်းအရ သိရသည်။
Jul 14 • 12:26 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


