back

ပြင်သစ်တွင် အပူလှိုင်းကျရောက်မှုကြောင့် နျူဓာတ်ပေါင်းဖို ၃ လုံးအား စက်လည်ပတ်မှု ယာယီရပ်ဆိုင်း

Jul 14 • 8:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပြင်သစ်တွင် အပူလှိုင်းကျရောက်မှုကြောင့် နျူဓာတ်ပေါင်းဖို ၃ လုံးအား စက်လည်ပတ်မှု ယာယီရပ်ဆိုင်း

ပြင်သစ်နိုင်ငံတွင် အပူလှိုင်းပြင်းထန်စွာ ကျရောက်နေမှုကြောင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် မြစ်ရေပူနွေးလာမှုကို တားဆီးရန်အတွက် နျူကလီးယား ဓာတ်ပေါင်းဖို ၃ လုံးအ...

ပြင်သစ်နိုင်ငံတွင် အပူလှိုင်းပြင်းထန်စွာ ကျရောက်နေမှုကြောင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် မြစ်ရေပူနွေးလာမှုကို တားဆီးရန်အတွက် နျူကလီးယား ဓာတ်ပေါင်းဖို ၃ လုံးအား စက်လည်ပတ်မှု ယာယီရပ်ဆိုင်းကာ အခြား ၈ လုံးကို စက်လည်အား လျှော့ချထားကြောင်း ပြင်သစ်အဓိကစွမ်းအင်ကုမ္ပဏီ EDF က ထုတ်ပြန်ထားသည်။ ပြင်းထန်သောအပူလှိုင်းကြောင့် ပြင်သစ်ပြည်သူ ၂၅ သန်းကျော်မှာ နေ့အပူချိန် ၄၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်လာမည့် ဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီး၊ နျူကလီးယားဓာတ်ပေါင်းဖိုများမှ ထွက်ရှိသည့် စွန့်ပစ်ရေပူများ မြစ်များအတွင်းသို့ စီးဝင်ပြီး ဂေဟစနစ် မပျက်စီးစေရန် သတ်မှတ်စည်းမျဉ်းများအတိုင်း ယခုကဲ့သို့ စက်လည်ပတ်မှုများကို ဒုတိယအကြိမ်အဖြစ် ယာယီရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

19