မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ်၊ ကွာလာမူဒါတစ်ဝိုက်ရှိ လုပ်ငန်းခွင် ၈ ခုကို ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၃ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ရာ နိုင်ငံကူးလက်မှတ်မရှိခြင်း၊ ဗီဇာသက်တမ်းကျော်လွန် နေထိုင်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးစည်းကမ်းချက်များ ချိုးဖောက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသား ၁၅ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦး (စုစုပေါင်း တရားမဝင်နိုင်ငံခြားသား ၂၂ ဦး) ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဆေးမှုအတွင်း လူဦးရေ ၇၆ ဦးကို စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးရမိသူများအားလုံးကို ဆက်လက်စုံစမ်းစစ်ဆေးနိုင်ရန် ဘီလန်တစ် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
မလေးရှားနိုင်ငံ ကဒါးပြည်နယ်တွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် မြန်မာလုပ်သား ၁၅ ဦး အပါအဝင် နိုင်ငံခြားသား ၂၂ ဦး ထိန်းသိမ်းခံရ
Jul 14 • 8:52 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


