back

တရုတ်ကျားဖြန့် ၆၂ ဦးကို UWSA ဖမ်းပြီး တရုတ်သို့ ပြန်ပို့

Jun 05 • 10:48 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်ကျားဖြန့် ၆၂ ဦးကို UWSA ဖမ်းပြီး တရုတ်သို့ ပြန်ပို့

"ဝ" ဒေသကို ကြားခံနယ်မြေအဖြစ် အသုံးပြုကာ တတိယနိုင်ငံသို့ ပြောင်းရွှေ့ရန် ကြံစည်နေသည့် တရုတ်အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းဝင် ၆၂ ဦးကို "ဝ" တပ်ဖွဲ့ (UWSA)...

"ဝ" ဒေသကို ကြားခံနယ်မြေအဖြစ် အသုံးပြုကာ တတိယနိုင်ငံသို့ ပြောင်းရွှေ့ရန် ကြံစည်နေသည့် တရုတ်အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းဝင် ၆၂ ဦးကို "ဝ" တပ်ဖွဲ့ (UWSA) က နယ်စပ်ထိန်းချုပ်ရေး ဧရိယာတစ်ခုတွင် ဖမ်းဆီးရမိခဲ့ပြီး မုန်အာနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရထံသို့ ယမန်နေ့ ဇွန်လ ၄ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း မဲခေါင်သတင်းအရ သိရသည်။ အဆိုပါ ၆၂ ဦးသည် ပတ်ဝန်းကျင်နိုင်ငံများ၏ ဖမ်းဆီးနှိမ်နင်းမှုများကြောင့် အခြေစိုက်စခန်းပြောင်းရွှေ့ရန် ကြိုးပမ်းသည့် နိုင်ငံစုံလိမ်လည်ဂိုဏ်းတစ်ခုမှဖြစ်ပြီး ၎င်းတို့အနက် အချို့မှာ လူကုန်ကူးခံရသူများနှင့် လှည့်ဖြားခေါ်ဆောင်ခံရသူများ ဖြစ်ကြောင်း သိရသည်။ ယခုဆောင်ရွက်မှုသည် နှစ်ဖက်ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုတစ်ခုဖြစ်ပြီး UWSA အနေဖြင့် လစာမြင့်မားသည့် ပြည်ပအလုပ်အကိုင် လိမ်လည်လှည့်ဖြားမှုများကို သတိပြုကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

news-view-count-icon

13