back

ဂျပန်နိုင်ငံ၊ ဖူကူရှီးမားခရိုင်၏ ၇၀ ရာခိုင်နှုန်းခန့်တွင် လေထုအတွင်း ရေဒီယိုသတ္တိကြွမှုအဆင့် နိုင်ငံလုံးဆိုင်ရာ ပျမ်းမျှနှုန်းသို့ ပြန်လည်ကျဆင်းသွား

Jun 05 • 4:30 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံ၊ ဖူကူရှီးမားခရိုင်၏ ၇၀ ရာခိုင်နှုန်းခန့်တွင် လေထုအတွင်း ရေဒီယိုသတ္တိကြွမှုအဆင့် နိုင်ငံလုံးဆိုင်ရာ ပျမ်းမျှနှုန်းသို့ ပြန်လည်ကျဆင်းသွား

၂၀၁၁ ခုနှစ် မတ်လက ဆူနာမီဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီ (TEPCO) ၏ ဖူကူရှီးမား ပထမနျူကလီးယားဓာတ်အားပေးစက်ရုံ မတော်တဆမှုဖြစ်ပွားခဲ့ပြီး ...

၂၀၁၁ ခုနှစ် မတ်လက ဆူနာမီဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီ (TEPCO) ၏ ဖူကူရှီးမား ပထမနျူကလီးယားဓာတ်အားပေးစက်ရုံ မတော်တဆမှုဖြစ်ပွားခဲ့ပြီး ၁၅ နှစ်အကြာတွင် ဖူကူရှီးမားခရိုင်၏ ၇၀ ရာခိုင်နှုန်းခန့်၌ လေထုအတွင်း ရေဒီယိုသတ္တိကြွမှုအဆင့် (Air radiation levels) မှာ တစ်နာရီလျှင် ၀.၁ မိုက်ခရိုဆီးဗတ် (microsievert) သို့မဟုတ် ၎င်းအောက်သို့ ကျဆင်းသွားကာ နိုင်ငံလုံးဆိုင်ရာ ပျမ်းမျှနှုန်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဂျပန်နျူကလီးယား စည်းမျဉ်းသတ်မှတ်ရေးအာဏာပိုင်အဖွဲ့ (NRA) က ထုတ်ပြန်လိုက်ရာ၊ ခရိုင်တစ်ခုလုံး၏ ၉၂ ရာခိုင်နှုန်းတွင်လည်း တစ်နာရီလျှင် ၀.၂ မိုက်ခရိုဆီးဗတ် သို့မဟုတ် ၎င်းအောက်သာ ရှိတော့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ရသည့် သတ်မှတ်ချက်ဖြစ်သော ရေဒီယိုသတ္တိကြွမှုအဆင့် ၃.၈ မိုက်ခရိုဆီးဗတ်ထက် ကျော်လွန်သည့် ဧရိယာမှာ စတုရန်းကီလိုမီတာ ၆၀၈ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၇.၄ စတုရန်းကီလိုမီတာအထိ သိသိသာသာ ကျုံ့ဝင်သွားခဲ့ပြီး၊ အိမ်ရာဝင်းများနှင့် စိုက်ပျိုးရေးမြေများတွင် ရေဒီယိုသတ္တိကြွမှု လျော့ကျမှု သိသာထင်ရှားသော်လည်း သန့်စင်ရေးလုပ်ဆောင်ရန် ခက်ခဲသည့် တောတောင်ထူထပ်သော ဒေသများတွင်မူ အနည်းငယ်သာ လျော့ကျသေးကြောင်းနှင့် လာမည့် ၂၀၄၁ ခုနှစ်တွင် ခရိုင်၏ ၈၀ ရာခိုင်နှုန်းခန့်၌ ရေဒီယိုသတ္တိကြွမှုအဆင့် ၀.၁ မိုက်ခရိုဆီးဗတ်အောက်သို့ ထပ်မံကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

news-view-count-icon

16