back

ဂျပန်ကုန်တိုက်ကြီးများ၏ နွေရာသီလက်ဆောင်ပေးပွဲ ရာသီ စတင်

Jun 05 • 4:26 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်ကုန်တိုက်ကြီးများ၏ နွေရာသီလက်ဆောင်ပေးပွဲ ရာသီ စတင်

ဂျပန်ကုန်တိုက်ကြီးများသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော နွေရာသီလက်ဆောင်ပေးပွဲရာသီ (Ochugen) အတွက် ရောင်းအားမြှင့်တင်ရေးလုပ်ငန်းများကို ဇွန်လ ၃ ရက်နေ့တွင် စတင်လိုက်ပြီ...

ဂျပန်ကုန်တိုက်ကြီးများသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော နွေရာသီလက်ဆောင်ပေးပွဲရာသီ (Ochugen) အတွက် ရောင်းအားမြှင့်တင်ရေးလုပ်ငန်းများကို ဇွန်လ ၃ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်သည်။ ယခုနှစ်တွင် ဝယ်လိုအားကျဆင်းမှုကို တုံ့ပြန်ရန်နှင့် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားအကြို စားသုံးသူများကို ဆွဲဆောင်ရန်အတွက် ၎င်းတို့က အဆင့်မြင့်ထုတ်ကုန်များကို ပိုမိုတိုးချဲ့ခင်းကျင်းလာကြသည်။ ထို့ကြောင့် ကုန်တိုက်အသီးသီးတွင် မက်ဆီ၏လက်မှတ်ပါဂျာစီများ၊ အိမ်သုံးဘီယာစက်များနှင့် လျှော့ဈေးသုံးကုန်ပစ္စည်းများကို အပြိုင်အဆိုင် အရောင်းမြှင့်တင်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

16