back

ထိုင်းစားသုံးသူများကောင်စီက လိမ်လည်မှုများ ကာကွယ်ရန် ပျက်ကွက်မှုဖြင့် Facebook နှင့် Meta ကုမ္ပဏီကို တရားစွဲမည်

Jun 05 • 1:40 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းစားသုံးသူများကောင်စီက လိမ်လည်မှုများ ကာကွယ်ရန် ပျက်ကွက်မှုဖြင့် Facebook နှင့် Meta ကုမ္ပဏီကို တရားစွဲမည်

Facebook ပလက်ဖောင်းပေါ်ရှိ အွန်လိုင်းလိမ်လည်မှုများမှ ပြည်သူများကို ထိရောက်စွာ ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည့်အတွက် ထိုင်းစားသုံးသူများကောင်စီ (TCC) က Facebook နှင...

Facebook ပလက်ဖောင်းပေါ်ရှိ အွန်လိုင်းလိမ်လည်မှုများမှ ပြည်သူများကို ထိရောက်စွာ ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည့်အတွက် ထိုင်းစားသုံးသူများကောင်စီ (TCC) က Facebook နှင့် ၎င်း၏မိခင်ကုမ္ပဏီ မက်တာ (Meta) ကို လာမည့် ဇွန်လ ၈ ရက်နေ့တွင် အရပ်ဘက်တရားရုံး၌ တရားစွဲဆိုသွားမည်ဖြစ်ပြီး၊ ဒါဟာ ထိုင်းဘတ်ငွေ သန်း ၂၃၀ ဝန်းကျင် ဆုံးရှုံးခဲ့ရသည့် စားသုံးသူ ၁၀ ဦးကိုယ်စား ထိုင်းနိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ် တရားစွဲဆိုမည့် အမှုဖြစ်သည်။ ကောင်စီဘက်က Facebook သည် ၎င်း၏ အယ်လ်ဂိုရီသမ် (Algorithm) ကို အသုံးချကာ နာမည်ကြီးပုဂ္ဂိုလ်များ၏ အမည်လွဲများ၊ ကုန်ပစ္စည်းအတုများနှင့် လက်နက်တရားမဝင်ရောင်းချမှု ကြော်ငြာများကို သေချာစွာ စိစစ်ဖယ်ရှားရန် ပျက်ကွက်ခဲ့ကြောင်း၊ အမေရိကန်နှင့် ဥရောပတို့တွင် စည်းကမ်းတင်းကျပ်သော်လည်း အရှေ့တောင်အာရှနိုင်ငံများအတွက်မူ ကာကွယ်ပေးမှု အားနည်းကြောင်း ပြစ်တင်ဝေဖန်ထားသည်။ ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမ ၄ လအတွင်း အွန်လိုင်းလိမ်လည်မှုကြောင့် ပြည်သူများ ဘတ်ငွေ ၇ ဒသမ ၄၈ ဘီလီယံကျော်အထိ ဆုံးရှုံးခဲ့ရပြီး တိုင်ကြားစာ ၆၁ ရာခိုင်နှုန်းမှာ Facebook နှင့် ပတ်သက်နေသော်လည်း၊ မက်တာ (Meta) ဘက်ကမူ ၎င်းတို့ပလက်ဖောင်းပေါ်တွင် ငွေကြေးပေးချေမှု တိုက်ရိုက်မလုပ်ဆောင်သဖြင့် ငွေကြေးပိုင်းနှင့် မသက်ဆိုင်ကြောင်းနှင့် လိမ်လည်မှုတားဆီးရေးမူဝါဒများကို အမြဲ Update လုပ်ပေးထားကြောင်း ခြေပထားကာ ပြီးခဲ့သည့် ဧပြီလကမူ လိမ်လည်သည့်အကောင့်များကို ပိုမိုမြန်ဆန်စွာ ပိတ်ပစ်နိုင်ရေး ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြေညာထားခဲ့ကြောင်း သိရသည်။

news-view-count-icon

18