တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လာမည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လောင်း ဖြစ်သူ ချီလီနိုင်ငံ သမ္မတဟောင်း မီရှဲလ် ဘာချလက် (Michelle Bachelet) တို့သည် ဇွန်လ ၄ ရက် (ယနေ့) တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ်အတွင်း မီရှဲလ် ဘာချလက်က မိမိအနေဖြင့် "တရုတ်တစ်နိုင်ငံတည်းမူဝါဒ" ကို ခိုင်မာစွာ လက်ကိုင်ကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံက နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် ကုလသမဂ္ဂလုပ်ငန်းများ တိုးတက်ရေးအတွက် ကာလကြာရှည် ကြိုးပမ်းပေးခဲ့မှုကို တန်ဖိုးထားချီးကျူးကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို အတူတကွ မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း လာမည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လောင်း ရွေးချယ်မှုသည် ကုလသမဂ္ဂ၏ ရှေ့လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း ပြုပြင်ပြောင်းလဲရေး ဦးတည်ချက်အပြင် အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံ (Global South) များ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် တာဝန်ယူမှုရှိရှိ၊ အပြုသဘောဆောင်သည့် သဘောထားဖြင့် အဆိုပါ ရွေးကောက်တင်မြှောက်မှုလုပ်ငန်းစဉ်တွင် ပါဝင်သွားမည်ဖြစ်ပြီး ကုလသမဂ္ဂ၏ ဩဇာနှင့် ရှင်သန်စွမ်းအား ပြန်လည်မြှင့်တင်နိုင်ရေးကို တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


