back

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု စျေးကောင်းရနေ

Jun 03 • 10:48 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု စျေးကောင်းရနေ

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရန် တစ်လသာကျန်ရှိတော့သည့် အချိန်တွင် ပြည်တွင်းပြောင်းတင်ပို့မှု စျေးကောင်းရနေကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။ ထိုင်းနိုင်င...

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရန် တစ်လသာကျန်ရှိတော့သည့် အချိန်တွင် ပြည်တွင်းပြောင်းတင်ပို့မှု စျေးကောင်းရနေကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုမှာ ဇွန်လကုန်တွင် ပြီးဆုံးမည်ဖြစ်သဖြင့် လက်ရှိကာလတွင် ပြောင်းတင်သင်္ဘောများဖြင့် အလုအယက် တင်ပို့နေကြကြောင်း သိရသည်။ လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ ပြောင်းတစ်ပိဿာလျှင် ကျပ် ၁၉၅၀ ခန့်ပေါက်ဈေးရှိနေပြီး ရန်ကုန်မြို့တွင်း ဆိပ်ကမ်းများတွင် တစ်ပိဿာလျှင် ကျပ် ၁၉၂၀ မှ ၁၉၃၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ “ရန်ကုန်ဈေးကွက်မှာတော့ ဈေးကောင်းနေပေမယ့် နယ်ဈေးကွက်တွေမှာတော့ ပုံမှန်ဈေးတန်းပဲရှိပါတယ်” ဟု ပြောင်းကုန်သည်တစ်ဦးကပြောသည်။ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုကို ယခင်က ပင်လယ်ရေကြောင်းမှသာ အဓိကတင်ပို့နေခဲ့သော်လည်း မေလကုန်ပိုင်းမှစတင်ကာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် တာချီလိတ်မှလည်း အနည်းငယ် ပြန်လည်တင်ပို့လာကြောင်း သိရသည်။ 

news-view-count-icon

27