back

ကုန်ကျစရိတ် မြင့်မားမှုကြောင့် ဂျပန်ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်မှု နှေးကွေးလာ

Jun 03 • 10:47 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ကုန်ကျစရိတ် မြင့်မားမှုကြောင့် ဂျပန်ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်မှု နှေးကွေးလာ

၁၃ လကြာ ဆက်တိုက် တိုးတက်မှုရှိခဲ့သည့် ဂျပန်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍသည် မေလအတွင်း တိုးတက်မှု တုံ့နှေးသွားကြောင်း S&P Global ၏ ဝယ်ယူသူမန်နေဂျာများအညွှန်းကိန်း...

၁၃ လကြာ ဆက်တိုက် တိုးတက်မှုရှိခဲ့သည့် ဂျပန်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍသည် မေလအတွင်း တိုးတက်မှု တုံ့နှေးသွားကြောင်း S&P Global ၏ ဝယ်ယူသူမန်နေဂျာများအညွှန်းကိန်း (PMI) စစ်တမ်းအရ သိရသည်။ ဂျပန်ဝန်ဆောင်မှုလုပ်ငန်းများ၏ PMI ညွှန်းကိန်းသည် ဧပြီလတွင် ၅၁ ရှိခဲ့ရာမှ မေလတွင် ၅၀ သို့ ကျဆင်းသွားခဲ့ပြီး လုပ်ငန်းသစ်တိုးတက်မှုနှုန်းမှာလည်း နှစ်နှစ်တာကာလအတွင်း အနှေးဆုံးဖြစ်ခဲ့သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ ပြည်ပဝယ်လိုအားနှင့် ပို့ကုန်လုပ်ငန်းများ ကျဆင်းခြင်းအပြင်၊ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် လောင်စာဆီ၊ စွမ်းအင်နှင့် ကုန်ကြမ်းစျေးနှုန်းများ မြင့်တက်ကာ သွင်းအားစုကုန်ကျစရိတ်နှင့် လုပ်သားစရိတ်များ သုံးနှစ်အတွင်း အမြန်ဆုံးနှုန်းဖြင့် မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

news-view-count-icon

13