ယူအေအီးနိုင်ငံ စက်သုံးဆီဈေးနှုန်းသတ်မှတ်ရေးကော်မတီက ဇွန်လ ၁ ရက်နေ့မှစတင်၍ အသုံးပြုမည့် စက်သုံးဆီဈေးနှုန်းများကို ထုတ်ပြန်လိုက်ရာ၊ ကမ္ဘာ့ရေနံဈေးကွက် မတည်ငြိမ်မှုများကြောင့် ပက်ထရို (အော်တိန်း) ဆီအမျိုးအစားအားလုံးမှာ ၄ လဆက်တိုက်အဖြစ် ဈေးနှုန်းထပ်မံမြင့်တက်လာပြီး Super 98 မှာ ၁ လီတာလျှင် ၃.၉၅ ဒိုင်ဟမ် (မေလတွင် ၃.၆၆ ဒိုင်ဟမ်)၊ Special 95 မှာ ၃.၈၃ ဒိုင်ဟမ် (မေလတွင် ၃.၅၅ ဒိုင်ဟမ်) နှင့် E-Plus 91 မှာ ၃.၇၆ ဒိုင်ဟမ် (မေလတွင် ၃.၄၈ ဒိုင်ဟမ်) သို့ အသီးသီး မြင့်တက်ခဲ့သော်လည်း၊ ကုန်စည်ပို့ဆောင်ရေးသုံး ဒီဇယ် (Diesel) ဈေးနှုန်းမှာမူ ယခင်လ ၄.၆၉ ဒိုင်ဟမ် ရှိခဲ့ရာမှ ယခုလတွင် ၁ လီတာလျှင် ၄.၃၃ ဒိုင်ဟမ် သို့ ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။
| 17 | 0 | 0 | 0 |


