ကမ္ဘောဒီးယားနိုင်ငံ အွန်လိုင်းဆိုက်ဘာလိမ်လည်မှု တိုက်ဖျက်ရေး အမျိုးသားကော်မတီ (National Committee for Combatting Cyber Fraud) ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ မေလ ၂၄ ရက်အထိ နိုင်ငံအတွင်း ဆိုက်ဘာငွေလိမ်လည်မှု (Online Scams) လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း ၁၈,၈၆၄ ဦးကို ပြည်နှင်ဒဏ်ပေး နှင်ထုတ်ခဲ့ကြောင်း သိရသည်။လွန်ခဲ့သည့် ၁၁ လတာကာလအတွင်း ကမ္ဘောဒီးယား တရားဥပဒေစိုးမိုးရေးအဖွဲ့များသည် တယ်လီကွန်းနှင့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာ အမှုပေါင်း ၁၄၃ မှုကို တရားရုံးများသို့ လွှဲပြောင်းစွဲချက်တင်ခဲ့ပြီး ၎င်းအမှုများတွင် တရုတ်၊ မလေးရှား၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ နီပေါ၊ အိန္ဒိယ၊ ပါကစ္စတန်၊ စင်ကာပူ၊ မြန်မာနှင့် ဖိလစ်ပိုင် အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ သံသယရှိသူ ၁,၄၅၈ ဦး ပါဝင်နေသည်။ အာဏာပိုင်များသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစတင်ကာ အမှုပေါင်း ၄၀၀ ကျော်ကို စုံစမ်းစစ်ဆေးခဲ့ပြီး အွန်လိုင်းလိမ်လည်မှုများနှင့် ဆက်နွှယ်နေသည့် ကာစီနိုရုံ ၂၅ ရုံ၏ လုပ်ငန်းလိုင်စင်များကိုပါ ရုပ်သိမ်း သို့မဟုတ် ပိတ်သိမ်းခဲ့သည်။ယခုနှစ် ဧပြီလတွင် စတင်အသက်ဝင်လာခဲ့သည့် "တယ်လီကွန်းနှင့် အင်တာနက်လိမ်လည်မှု တိုက်ဖျက်ရေးဥပဒေ" သစ်အရ ဤကဲ့သို့ ကြီးလေးသော ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူများကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အထိ ချမှတ်နိုင်ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုပါ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယားမှ အွန်လိုင်းငွေလိမ်လည်မှုများကြောင့် ၂၀၂၅ ဇန်နဝါရီမှစတင်ကာ နှင်ထုတ်ခံရသည့် နိုင်ငံခြားသား ၅၉,၀၀၀ နီးပါးရှိလာ
May 31 • 3:39 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


