back

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ CentralwOrld တွင် “Proud to Be Pride 2026” ပွဲတော်ကြီးကို ခမ်းခမ်းနားနား စတင်ကျင်းပ

May 31 • 3:38 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ CentralwOrld တွင် “Proud to Be Pride 2026” ပွဲတော်ကြီးကို ခမ်းခမ်းနားနား စတင်ကျင်းပ

ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့်မီ "World Pride 2030" ပွဲတော်ကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဘန်ကောက်မြို့ရှိ CentralwOrld ကုန်တိုက်...

ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့်မီ "World Pride 2030" ပွဲတော်ကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဘန်ကောက်မြို့ရှိ CentralwOrld ကုန်တိုက်ကြီးတွင် “We Are Many: Proud to Be Pride 2026” အမည်ရသည့် ပွဲတော်ကြီးကို မေလ ၃၀ ရက် (စနေနေ့) ကစတင်ကာ စည်စည်ကားကား ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ပွဲစတင်သည့်နေ့တွင် ကုန်တိုက်ရင်ပြင်၏ စတုရန်းမီတာ ၄,၀၀၀ ကျော် ကျယ်ဝန်းသော နေရာ၌ သက်တန့်ရောင်အလံများကို ခမ်းနားစွာ ချိတ်ဆွဲပြသခဲ့ပြီး၊ DJ တေးဂီတများနှင့်အတူ လူပေါင်း ၅၀၀ ကျော်နှင့် Drag Queen များ ပါဝင်ဆင်နွှဲသည့် ၅ ကီလိုမီတာအကွာအဝေး "Pride Beat Run" အပြေးပြိုင်ပွဲကိုလည်း မြို့တွင်းလမ်းမများပေါ်တွင် ကျင်းပခဲ့သည်။ ထို့အပြင် နာမည်ကြီးအဆိုတော်များဖြစ်ကြသည့် Hi Arpaporn၊ Ben Chalatit နှင့် Hannah 4EVE တို့၏ ဂီတဖျော်ဖြေပွဲများ၊ အကပွဲများ၊ ရုပ်ရှင်ပြသမှုများနှင့် အတွေ့အကြုံမျှဝေသည့် “Pride Voices” ကဏ္ဍများလည်း ပါဝင်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုများကို Central Park တွင် မေလ ၃၀ ရက်မှ ဇွန်လ ၂ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ယောဂကျင့်စဉ်များ၊ ပါတီများ၊ အားကစားတန်းခွဲများနှင့် အထူးဂီတဖျော်ဖြေပွဲများ ထပ်မံပါဝင်ဦးမည် ဖြစ်သည်။ဘန်ကောက်မြို့တွင်သာမက ဇွန်လ (Pride Month) တစ်လလုံးတွင် ဖူးခက်၊ ပတ္တရား၊ ချင်းရိုင်နှင့် ခွန်ကန် အစရှိသည့် နယ်မြို့ကြီးများရှိ Central ကုန်တိုက်ခွဲ ၉ ခု၌လည်း Pride Parade ချီတက်ပွဲများကို ဆက်တိုက်ကျင်းပသွားမည်ဖြစ်သည်။

news-view-count-icon

27