အမေရိကန်အခြေစိုက် Forbes စီးပွားရေးမဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ၊ အွန်လိုင်း Content Creator များနှင့် ဒစ်ဂျစ်တယ်ပညာရှင် (Digital Nomad) များ လာရောက်အခြေချ နေထိုင်ရန် အကောင်းဆုံးမြို့ကြီး ၈ မြို့စာရင်းတွင် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ချင်းမိုင်မြို့က နံပါတ် ၃ နေရာ၌ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ Forbes မဂ္ဂဇင်း၏ သုံးသပ်ချက်အရ ချင်းမိုင်မြို့သည် ကွန်ပျူတာတစ်လုံးဖြင့် ကမ္ဘာ့ဘယ်နေရာတွင်မဆို လွတ်လပ်စွာ အလုပ်လုပ်ကိုင်သူများအတွက် အဓိကဗဟိုချက် ဖြစ်နေပြီး၊ ရေရှည်တည်းခိုရန် အိမ်ရာအဆင်ပြေခြင်း၊ ကော်ဖီဆိုင်များနှင့် Co-working Space များ ပေါများခြင်းတို့ကြောင့် အလုပ်လုပ်ကိုင်ရန် ပတ်ဝန်းကျင်ကောင်းကို ရိုးရှင်းစွာ ပံ့ပိုးပေးနိုင်သည့်အတွက် ပညာရှင်များ သဘောအကျဆုံးမြို့ ဖြစ်လာခြင်းဖြစ်သည်။ ယင်းစာရင်းတွင် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့က အဆင့် ၁၊ ကိုလံဘီယာနိုင်ငံ မက်ဒလင်းမြို့က အဆင့် ၂ နေရာများတွင် အသီးသီးရပ်တည်နေပြီး ၎င်းတို့နောက်တွင် ချင်းမိုင် (ထိုင်း)၊ ဒါနန်း (ဗီယက်နမ်)၊ ကိပ်တောင်း (တောင်အာဖရိက)၊ အော်စတင် (အမေရိကန်)၊ မိုင်ယာမီ (အမေရိကန်) နှင့် အက်ရှ်ဗီးလ် (အမေရိကန်) မြို့တို့က အစဉ်လိုက် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
Forbes မဂ္ဂဇင်း၏ ဒစ်ဂျစ်တယ်ပညာရှင်များ အခြေချရန် ကမ္ဘာ့အကောင်းဆုံးမြို့ ၈ မြို့စာရင်းတွင် ချင်းမိုင်မြို့ အဆင့် ၃ နေရာ၌ ရွေးချယ်ခံရ
May 30 • 1:35 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


