back

ဘန်ကောက်တွင် နာမည်ကြီး Brand ရေမွှေးအတုများကို ဈေးနှုန်းချိုသာစွာဖြင့် အွန်လိုင်းမှ ရောင်းချနေသည့်နေရာကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းဖမ်းဆီး

May 30 • 1:34 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်တွင် နာမည်ကြီး Brand ရေမွှေးအတုများကို ဈေးနှုန်းချိုသာစွာဖြင့် အွန်လိုင်းမှ ရောင်းချနေသည့်နေရာကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းဖမ်းဆီး

ဘန်ကောက်မြို့၊ ရမ်ခမ်းဟန်းနယ်မြေ၊ ဘန်ကပိရှိ နေအိမ်တစ်လုံးတွင် "ဗူးမပါသည့် အစစ်" သို့မဟုတ် "စက်ရုံပယ်" ဟု အကြောင်းပြကာ ကမ္ဘာကျော် Brand များ၏ ရေမွှေးအတုများကို အ...

ဘန်ကောက်မြို့၊ ရမ်ခမ်းဟန်းနယ်မြေ၊ ဘန်ကပိရှိ နေအိမ်တစ်လုံးတွင် "ဗူးမပါသည့် အစစ်" သို့မဟုတ် "စက်ရုံပယ်" ဟု အကြောင်းပြကာ ကမ္ဘာကျော် Brand များ၏ ရေမွှေးအတုများကို အွန်လိုင်းမှ ဈေးပေါပေါဖြင့် ရောင်းချနေသည့်နေရာကို ထိုင်းစီးပွားရေးပြစ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့က ၂၀၂၆ ခုနှစ် မေလID ၃၀ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ ယင်းစီးနင်းမှုအတွင်း Dior, Louis Vuitton, Chanel စသည့် နာမည်ကြီး Brand ပေါင်းစုံ၏ ကာလတန်ဖိုး ဘတ်ငါးသိန်းကျော်ဖိုးရှိ ရေမွှေးအတုများကို သိမ်းဆည်းရမိခဲ့ပြီး အသက် ၃၁ နှစ်အရွယ် မစ္စတာ ချာယာနွန်းကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူခဲ့သည်။ ဖမ်းဆီးခံရသူက အဆိုပါရေမွှေးအတုများကို အွန်လိုင်းနှင့် ပြည်တွင်းဈေးကွက်များမှတစ်ဆင့် ပြန်လည်ဝယ်ယူကာ အွန်လိုင်းချန်နယ်စုံမှ ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သဖြင့် ရဲတပ်ဖွဲ့က ကုန်အမှတ်တံဆိပ်အတု လက်ဝယ်ထားရှိမှုဖြင့် တရားစွဲဆိုထားပြီး နောက်ကွယ်မှ လက်ကားဖြန့်ချိသူများကိုပါ ဆက်လက်စုံစမ်းနေသည်။

news-view-count-icon

16