ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် နွေရာသီအပူရှိန် အလွန်ပြင်းထန်နေသဖြင့် ခရီးသွားအများအပြားသည် အပူဒဏ်မှရှောင်ရှားရန် ကွမ်ဘန် (Quang Binh) စီရင်စုရှိ ကမ္ဘာ့အမွေအနှစ် ဖုန်ညာ-ကီဘန်အမျိုးသားဥယျာဉ်အတွင်းရှိ ဖုန်ညာဂူ (Phong Nha Cave) သို့ တဖွဲဖွဲလာရောက်လည်ပတ်လျက်ရှိသည်။ အဆိုပါဂူအတွင်းရှိ အေးမြသောလေထုနှင့် သဘာဝမြေအောက်မြစ်စနစ်၊ နှစ်သန်းပေါင်းများစွာ ဖြစ်တည်လာခဲ့သည့် ကျောက်စက်ပန်းဆွဲများသည် ခရီးသွားများအကြား ရေပန်းစားနေပြီး စက်လှေစီးကာ လာရောက်အပန်းဖြေသူ အလွန်များပြားနေကြောင်း သိရသည်။ ပွဲစီစဉ်သူများ၏ အဆိုအရ ဂူအတွင်းဝင်ကြေးမှာ တစ်ဦးလျှင် ဗီယက်နမ်ဒေါင် ၁ သိန်းခွဲရှိပြီး လာမည့်နွေရာသီကာလတစ်လျှောက် ခရီးသွားဝင်ရောက်မှု ပိုမိုမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသတွင် အပူလှိုင်းပြင်းထန်နေသဖြင့် ဖုန်ညာဂူ (Phong Nha Cave) သို့ ခရီးသွားများ အစုအပြုံလိုက် လာရောက်လည်ပတ်
May 29 • 3:17 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


