မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် မေလ ၂၈ ရက် နံနက် ၅ နာရီခွဲဝန်းကျင်က အသက် ၂၉ နှစ်အရွယ် ကားပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ကိုထွန်းထွန်းသည် သထုံဘက်မှ ကားမောင်းနှင်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။ ဒေါက်ရပ်ရွာ အထက်တန်းကျောင်းရှေ့တွင် သေနတ်ဖြင့် ၃ ချက်၊ ၄ ချက်ခန့် ပစ်ခတ်ခံရမှုကြောင့် ကိုထွန်းထွန်း၏ ဦးခေါင်းနှင့် လက်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီး မည်သူက မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပါ။ 
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၌ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
May 29 • 3:16 AM
မြန်မာ
မွန်
မျှဝေမည်
| 24 | 0 | 0 | 0 |


