ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) ၏ ထုတ်ပြန်ချက်အရ ယခုနှစ် မတ်လကုန်တွင် လက်ကားကုန်သည်များထံ၌ သိုလှောင်ထားသော ဆန်ပမာဏသည် တန်ချိန် ၂.၇ သန်းခန့်အထိ ရှိလာပြီး ယခင်နှစ် ကာလတူထက် ၅၄ ရာခိုင်နှုန်းခန့် စံချိန်တင် မြင့်တက်လာကြောင်း သိရသည်။ ဤကဲ့သို့ ဆန်များ ပိုလျှံနေရခြင်းမှာ စူပါမားကတ်များ၌ ဆန်စျေးနှုန်းများ နှစ်ဆနီးပါး ထိုးတက်သွားခဲ့ခြင်းကြောင့် ပြည်သူများနှင့် စားသောက်ဆိုင်လုပ်ငန်းများက စျေးသက်သာသော ခေါက်ဆွဲနှင့် ဂျုံထွက်ပစ္စည်းများကို ပြောင်းလဲစားသုံးလာကြပြီး အိမ်တွင်းဆန်စားသုံးမှု ကျဆင်းသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများက စျေးသက်သာသော ပြည်ပသွင်းကုန်ဆန်များကို တိုးမြှင့်တင်သွင်းခဲ့ကြခြင်းကလည်း ပြည်တွင်းဖြစ်ဆန်များ အရောင်းအဝယ်အေးပြီး ဂိုဒေါင်များ၌ ပုံအောကျန်ရစ်စေသည့် အဓိကအကြောင်းရင်း ဖြစ်လာသည်။
ဂျပန်၌ ဆန်စျေးနှုန်းကြီးမြင့်မှုကြောင့် ဝယ်ယူမှုကျဆင်းပြီး ဂျပန်လက်ကားဂိုဒေါင်များတွင် ဆန်အလွန်အကျွံ ပိုလျှံနေ
May 28 • 4:33 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


