တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက်လိပ်ရွာအနီးရှိ ရေတံခွန်တွင် မေလ ၂၇ ရက် နေ့လယ်ပိုင်းက သူငယ်ချင်းများနှင့်အတူ ရေသွားကူးသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။သေဆုံးသူအမျိုးသမီးသည် ပုလောမြို့နယ် တိုရွာသူဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ၎င်းတို့ရွာ မီးရှို့ခံရမှုကြောင့် လက်ရှိတွင် ပုလောမြို့ပေါ်၌ မိသားစုနှင့်အတူ ပြောင်းရွှေ့နေထိုင်နေသူ ဖြစ်သည်။ ပုလောမြို့အနီးတွင် ရေတံခွန်များပေါများသဖြင့် မိုးဦးကျကာလ၌ လာရောက်လည်ပတ်သူများပြားလေ့ရှိပြီး၊ ယခုနှစ် မေလအတွင်း ထားဝယ်နှင့် မြိတ်ခရိုင်တို့တွင် ရေနစ်သေဆုံးသူ ၃ ဦးအထိ ရှိလာကြောင်း သိရသည်။



