တောင်ကိုရီးယားနိုင်ငံအခြေစိုက် ဆမ်ဆောင်းအီလက်ထရောနစ်ကုမ္ပဏီသည် လုံခြုံရေးအရ ပိတ်ပင်ထားခဲ့သည့် ChatGPT အပါအဝင် ပြင်ပမှထုတ်လုပ်သော Generative AI စနစ်များကို လာမည့်ဇွန်လမှစတင်ကာ ဝန်ထမ်းများအား ပြန်လည်အသုံးပြုခွင့်ပေးတော့မည်ဖြစ်သည်။ ယခုခွင့်ပြုချက်မှာ DX (Device Experience) ဌာနခွဲရှိ ဝန်ထမ်းများအတွက် လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ သတ်မှတ်ထားသည့် လုံခြုံရေးသင်တန်းအောင်မြင်ပြီးသူများကိုသာ သုံးစွဲခွင့်ပေးမည်ဖြစ်သည်။ သို့သော်လည်း အရေးကြီးနည်းပညာများနှင့် အချက်အလက်များရှိရာ ဆီမီးကွန်ဒတ်တာ (DS) ဌာနခွဲတွင်မူ ပြင်ပ AI သုံးစွဲခြင်းကို ဆက်လက်တင်းကျပ်ထားဆဲဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားရှိ ဆမ်ဆောင်း (Samsung)မှ လာမည့်ဇွန်လမှစတင်ကာ ဝန်ထမ်းများကို ပြင်ပ AI နည်းပညာများ အသုံးပြုခွင့်ပေးရန်) ပြင်ဆင်
May 27 • 7:03 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


