back

တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့တွင် ခုံးတံတား ပြိုကျမှုကြောင့် မြို့တော်ဝန်လောင်းများ မဲဆွယ်စည်းရုံးမှု ယာယီရပ်ဆိုင်း

May 27 • 6:38 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့တွင် ခုံးတံတား ပြိုကျမှုကြောင့် မြို့တော်ဝန်လောင်းများ မဲဆွယ်စည်းရုံးမှု ယာယီရပ်ဆိုင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အနောက်ပိုင်းရှိ ဖြိုဖျက်နေဆဲဖြစ်သော အပေါ်ခုံးတံတားတစ်စင်း ယမန်နေ့ (မေလ ၂၆ ရက်) တွင် ရုတ်တရက်ပြိုကျခဲ့ရာ လူ ၂ ဦး သေဆုံးပြီး...

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အနောက်ပိုင်းရှိ ဖြိုဖျက်နေဆဲဖြစ်သော အပေါ်ခုံးတံတားတစ်စင်း ယမန်နေ့ (မေလ ၂၆ ရက်) တွင် ရုတ်တရက်ပြိုကျခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကာ အနီးနားရှိ ရထားပြေးဆွဲမှုများလည်း ယာယီပြတ်တောက်သွားခဲ့သည်။ ယခုဖြစ်ရပ်ကြောင့် လာမည့် ဇွန်လဒေသန္တရရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြသည့် အဓိကဆိုးလ်မြို့တော်ဝန်လောင်းများဖြစ်ကြသော လက်ရှိမြို့တော်ဝန် အိုဆီဟွန်းနှင့် ပြိုင်ဘက် ဂျုံဝမ်အိုတို့သည် ၎င်းတို့၏ အောင်နိုင်ရေးလှုပ်ရှားမှုများကို ချက်ချင်းယာယီရပ်ဆိုင်းလိုက်ကြသည်။ မြို့တော်ဝန်လောင်းများသည် မဲဆွယ်ပွဲများရပ်နား၍ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခြင်းနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများကို ဦးစားပေးလုပ်ဆောင်ရန် တောင်းဆိုခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

13