back

မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၉၄ ဦးအပါအဝင် ရွှေ့ပြောင်းလုပ်သား ၁၈၃ ဦးကို နေရပ်သို့ ပြန်လည်ပို့

May 26 • 8:40 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၉၄ ဦးအပါအဝင် ရွှေ့ပြောင်းလုပ်သား ၁၈၃ ဦးကို နေရပ်သို့ ပြန်လည်ပို့

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရပြီး ပြစ်ဒဏ်အမျိုးမျိုး ကျခံပြီးခဲ့သည့် မြန်မာနိုင်ငံသား ၉၄ ဦး၊ အင်...

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရပြီး ပြစ်ဒဏ်အမျိုးမျိုး ကျခံပြီးခဲ့သည့် မြန်မာနိုင်ငံသား ၉၄ ဦး၊ အင်ဒိုနီးရှား ၇၉ ဦး၊ တရုတ် ၅ ဦး၊ ထိုင်း ၄ ဦးနှင့် အိန္ဒိယ ၁ ဦး စုစုပေါင်း ၁၈၃ ဦးကို မေလတတိယပတ်အတွင်း ၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်လည်နှင်ထုတ်ခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ ၎င်းတို့အား လေဆိပ်များနှင့် ကူးတို့သင်္ဘောဆိပ်များမှတစ်ဆင့် ပြန်ပို့ခဲ့ခြင်းဖြစ်ပြီး၊ သံရုံးများက ထုတ်ပေးသည့် ယာယီ/အရေးပေါ် ခရီးသွားလက်မှတ်များဖြင့် ကိုယ်ပိုင်အစီအစဉ် သို့မဟုတ် သံရုံးထောက်ပံ့မှုဖြင့် နေရပ်ပြန်ခဲ့ကြရသည်။ ပြန်လည်နှင်ထုတ်ခံရသူအားလုံးကို နာမည်ပျက်စာရင်း (Blacklist) သွင်းထားပြီး သတ်မှတ်ကာလအတွင်း မလေးရှားသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ ထို့ပြင် မလေးရှားထိန်းသိမ်းရေးစခန်းများတွင် သံရုံးနှင့် မိသားစုများသို့ ဆက်သွယ်ရန် ခက်ခဲခြင်းကြောင့် နေရပ်ပြန်ရန် ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့် မြန်မာနိုင်ငံသားများလည်း ရှိနေသေးကြောင်း အလုပ်သမားကူညီစောင့်ရှောက်သူများထံမှ သိရသည်။

news-view-count-icon

10