လာအိုနိုင်ငံ၊ ဆိုင်ဆွန်ဘွန်းအရပ်ရှိ အနက် မီတာ ၁၀၀ ကျော်ရှိသော ဂူတစ်ခုအတွင်းသို့ ပြီးခဲ့သည့် မေလ ၂၀ ရက်က တောကောင်နှင့် ရွှေရှာဖွေရန် ဝင်ရောက်သွားသည့် ဒေသခံရွာသားများအနက် ၈ ဦးမှာ မိုးကြီး၍ ရေလွှမ်းလာသဖြင့် ဂူဝသို့ ခက်ခဲစွာ ရေကူးထွက်နိုင်ခဲ့သော်လည်း ကျန်ရစ်သူ ၇ ဦးမှာမူ ဂူအတွင်း ၅ ရက်ကြာသည်အထိ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။ လာအိုနှင့် တရုတ်ကယ်ဆယ်ရေးအဖွဲ့များက ရေစုပ်စက်များဖြင့် ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း မိုးဆက်လက်သည်းထန်ကာ ဂူအဝင်လမ်း ရေစီးသန်ခြင်းနှင့် လမ်းကျဉ်းမြောင်းခြင်းတို့ကြောင့် အခက်အခဲဖြစ်ရုံမျှမက အောက်စီဂျင်ပြတ်လပ်မည့် အန္တရာယ်ရှိနေသဖြင့်၊ ၂၀၁၈ ခုနှစ် ထမ့်လောင်ဂူကယ်ဆယ်ရေးအတွေ့အကြုံရှိသည့် ထိုင်းကယ်ဆယ်ရေးရေငုပ်သမားအဖွဲ့သည် မေလ ၂၅ ရက်တွင် သွားရောက်ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်အမျှ အပူတပြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လာအိုတွင် ၅ ရက်ကြာ ဂူအတွင်းပိတ်မိနေသည့် ရွာသား ၇ ဦးကို ကယ်တင်ရန် ထိုင်းကယ်ဆယ်ရေးအဖွဲ့ သွားရောက်ပူးပေါင်း
May 26 • 8:39 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


