ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ် (၈၁/၁) ရှိ အာလောကွေ့တွင် ယနေ့ (မေလ ၂၆ ရက်) နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် မီးလောင်ကျွမ်းမှု မဖြစ်ပွားစေရန်အတွက် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ချက်ချင်းထွက်ခွာကာ ဖြစ်ပွားရာနေရာ၌ လိုအပ်သည့် အအေးပေးခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို အချိန်မီ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား
May 26 • 8:17 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 18 | 0 | 0 | 0 |


