ရန်ကုန်တိုင်း ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ၌ Fertility Centre ကို သားသမီးရလိုသည့် ဇနီးမောင်နှံများအတွက် ဖွင့်လှစ်ထားပြီး မေလ ၂၅ ရက်အထိ လူနာပေါင်း (၅၄၀၀) ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။အဆိုပါ စင်တာတွင် ဖန်ပြွန်သန္ဓေသား နည်းပညာ၊ သားအိမ်အတွင်း သို့ သုက်ပိုးထည့်ခြင်နည်းပညာများ စသည့် နည်းပညာများ အသုံးပြုပြီး အစိုးရရုံးဖွင့်ရက်အတိုင်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။စင်တာကို ၂၀၂၂ ခုနှစ် စတင်ဖွင့်လှစ်ခဲ့ပြီ ၂၀၂၃ ခုနှစ်တွင် သားအိမ်အတွင်း သုက်ပိုးထည့်ခြင်းနည်းပညာဖြင့် IUI ဖြင့် လူနာ ၁၅ ဦးကို ဆောင်ရွဉ်ပေးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် လူနာ ၆၁ ဦး ၊ ၂၀၂၅ ခုနှစ်တွင် လူနာ ၁၅၇ ဦး ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။၂၀၂၆ ခုနှစ် ဧပြီလနှင့် မေလအတွင်းတွင်လည်း ဖန်ပြွန်သန္ဓေသား နည်းပညာအသုံးပြု၍ ဇနီးမောင်နှံ ၁၂ တွဲကို ကလေးရရှိစေရန် ဆောင်ရွက်ထားဆဲဖြစ်ကြောင်း သိရသည်။
သားသမီးရလိုသည့် ဇနီးမောင်နှံများအတွက် ဖွင့်လှစ်ထားသည့် Fertility centre တွင် လူနာပေါင်း (၅၄၀၀) ကျော်ကို လက်ခံကုသပေးနေ
May 26 • 8:15 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 23 | 0 | 0 | 0 |


