back

အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံပြီး ဘောလုံးအားကစားတိုးတက်ရေး အကြံဥာဏ်ရယူဆွေးနွေး

May 26 • 7:55 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံပြီး ဘောလုံးအားကစားတိုးတက်ရေး အကြံဥာဏ်ရယူဆွေးနွေး

မေ ၂၅ ရက်က ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများ...

မေ ၂၅ ရက်က ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံခဲ့ပြီး ဘောလုံးအားကစားတိုးတက်ရေးအတွက် အာရှလက်ရွေး စင်ဟောင်း ဘောလုံးအားကစားသမားများ၏ အကြံဉာဏ်ကို ရယူဆွေးနွေးခဲ့ကြောင်း သိရသည်။အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသများ၏ အောင်မြင်မှုများကို လူငယ်များအနေဖြင့် ယနေ့အချိန်ထိဂုဏ်ယူအားကျနေရကြောင်း၊ ယခုအခါ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုကျင်းပလျက်ရှိသကဲ့သို့ လိဂ်ပြိုင်ပွဲများကိုလည်း ပြန်လည်ကျင်းပတော့မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားခဲ့သည်။အားကစား သိပ္ပံကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၏ ဘောလုံးအားကစားနည်း တိုးတက်စေရေးအတွက်လည်း အကြံပြုဆွေးနွေးပေးစေလိုကြောင်း ဝန်ကြီးချုပ်ဦးအေးကျော်က ဆက်လက်ပြောကြားခဲ့သည်။

news-view-count-icon

19