ယူအေအီးအခြေစိုက် လေကြောင်းလိုင်းများသည် နွေရာသီကျောင်းပိတ်ရက်နှင့် အားလပ်ရက် ရှည်များကဲ့သို့ ခရီးသွားလာမှု အလွန်များပြားသည့် Peak Season ကာလများတွင် လေယာဉ်လက်မှတ်ခဈေးနှုန်းများကို ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားရန် ပြင်ဆင်နေကြသည်။ ခရီးသွားကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အထူးသဖြင့် ဥရောပ၊ အာရှနှင့် အမေရိကန်သို့ သွားရောက်မည့် ရေပန်းအစားဆုံး ခရီးစဉ်လမ်းကြောင်းများတွင် လက်မှတ်ခဈေးနှုန်းများ သိသိသာသာ မြင့်တက်လာနိုင်ပြီး ခရီးသွားများအနေဖြင့် စရိတ်စက သက်သာစေရန်အတွက် ရက်သတ္တပတ်အနည်းငယ် ကြိုတင်၍ ဘွတ်ကင်လုပ်ထားကြရန် သတိပေးထားသည်။ ထို့အပြင် လတ်တလော ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုနှင့် လေကြောင်းလိုင်းများ၏ လည်ပတ်မှုစရိတ် ပိုမိုများပြားလာမှုတို့ကလည်း ယခုကဲ့သို့ လေယာဉ်လက်မှတ်ခများ စံချိန်တင်မြင့်တက်လာစေရန် တွန်းအားပေးနေသည့် အဓိကအချက်များ ဖြစ်သည်။
ယူအေအီးတွင် ယခုနှစ် ခရီးသွားလာမှုအများဆုံး ရာသီများ၌ လေယာဉ်လက်မှတ်ခဈေးနှုန်းများ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်
May 26 • 7:40 AM
UAE
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


