ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ Soi Lang Wang 2 အနီး ကားလမ်းမကြီးတွင် မေလ ၂၆ ရက် (ယနေ့) နံနက်အစောပိုင်းက လမ်းကျွံကျမှု ဖြစ်ပွားခဲ့သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့နေရသည်။ နံနက် ၆ နာရီဝန်းကျင်တွင် တာဝန်ရှိသူများက အဆိုပါနေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး ထပ်မံကျွံကျမည်ကို စိုးရိမ်ရသဖြင့် လမ်းအလယ်ကြောကို ယာယီပိတ်ဆို့ကာ အရေးပေါ် ပြုပြင်မှုများ လုပ်ဆောင်နေသည်။ အာဏာပိုင်များအနေဖြင့် လမ်းသွားလမ်းလာများကို ထိုဧရိယာနှင့် ဝေးဝေးတွင် နေကြရန် သတိပေးထားပြီး၊ ယာဉ်မောင်းများအနေဖြင့်လည်း လမ်းပြန်မဖွင့်မချင်း အဆိုပါလမ်းကြောင်းကို ရှောင်ကွင်းမောင်းနှင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။

May 26 • 3:05 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


