မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက မေလအတွက် သတ်မှတ်ထားသည့် ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးနှုန်းများကို ပြန်လည်ပြင်ဆင် လျှော့ချလိုက်သည်။ တောင်သူများ အဓိကသုံးစွဲသည့် ယူရီးယားမြေဩဇာ (အလုံးကြီး) ကီလို ၅၀ တစ်အိတ်လျှင် ယခင်သတ်မှတ်ထားသည့် ၁၅၇,၀၀၀ ကျပ်အစား ၁၅၁,၆၀၀ ကျပ်ဖြင့် မေလ ၂၂ ရက်မှ ၃၀ ရက်အထိ ရောင်းချပေးရန် ညွှန်ကြားထားခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ဈေးနှုန်းမှာ လက်ငင်းငွေချေစနစ် ဈေးနှုန်းဖြစ်ပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်အပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိနိုင်ကြောင်း သိရသည်။
May 26 • 2:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


