FA ဖလားနှင့် လိဂ်ဖလား ဆွတ်ခူးရရှိခဲ့သည့် မန်စီးတီးအသင်းသည် ဆုဖလားအောင်ပွဲခံခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသည် အသင်းတွင် ဆုဖလား ၂၀ လုံးအထိ ရယူပေးခဲ့သည့် နည်းပြ ဂွါဒီယိုလာအပြင် အသင်းခေါင်းဆောင်များဖြစ်ကြသော ဘာနာဒိုဆေးလ်ဗားနှင့် ဂျွန်စတုန်းစ်တို့ကိုပါ တစ်ပါတည်း နှုတ်ဆက်သည့်ပွဲလည်း ဖြစ်သည်။ အခမ်းအနားအတွင်း ဂွါဒီယိုလာလက်ထက် ရရှိခဲ့သော ဆုဖလား ၂၀ လုံးကို ကစားသမားများက ကိုင်မြှောက်၍ ပရိသတ်များနှင့်အတူ စည်ကားသိုက်မြိုက်စွာ အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။

May 26 • 2:13 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 24 | 0 | 0 | 0 |


