ဂျပန်နိုင်ငံ၊ တိုကျိုမြို့လယ်ခေါင် ဂင်ဇာ (Ginza) လူကုံထံရပ်ကွက်ရှိ ဈေးဝယ်စင်တာတစ်ခု၏ မြေညီထပ် ATM စက်အနီးတွင် မေလ ၂၅ ရက်က အမျိုးသားတစ်ဦးက အမည်မသိအရည်များဖြင့် ပက်ဖြန်းခဲ့သဖြင့် လူပေါင်း ၂၀ နီးပါး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် မီးသတ်ဌာန တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။အဆိုပါ ပက်ဖြန်းမှုကြောင့် ထူးဆန်းသောအနံ့အသက်များ ထွက်ပေါ်လာပြီးနောက် အနီးနားရှိလူများ လည်ပင်းစပ်ဖျင်းခြင်းနှင့် ထုံကျင်ခြင်း ဝေဒနာများ ခံစားခဲ့ရခြင်း ဖြစ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ဓာတုကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားသည့် တာဝန်ရှိသူများက ဒဏ်ရာရရှိသူများကို ကယ်ဆယ်ဆေးစစ်မှုများ ချက်ချင်းလုပ်ဆောင်ခဲ့ပြီး၊ ဂျပန်နိုင်ငံပိုင် NHK သတင်းဌာန၏ ဖော်ပြချက်အရ ထိခိုက်သူများအားလုံးမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သဖြင့် အခြေအနေမှာ မစိုးရိမ်ရကြောင်း သိရပါတယ်။ လောလောဆယ်တွင် ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အမျိုးသားတစ်ဦးက အမည်မသိအရာဖြင့် ပက်ဖြန်းခဲ့သဖြင့် လူ ၂၀ နီးပါး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်ပွား
May 26 • 2:12 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


