back

ဂျပန်နည်းပညာကောလိပ် (Kōsen) များတွင် စက်မှုဘာသာရပ်အပြင် စိုက်ပျိုးရေးနှင့် အန်နီမေးရှင်း သင်တန်းသစ်များ ထည့်သွင်းရန် စီစဉ်

May 25 • 4:19 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နည်းပညာကောလိပ် (Kōsen) များတွင် စက်မှုဘာသာရပ်အပြင် စိုက်ပျိုးရေးနှင့် အန်နီမေးရှင်း သင်တန်းသစ်များ ထည့်သွင်းရန် စီစဉ်

ဂျပန်ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းရှိ အလယ်တန်းအောင်ပြီးသူများ တက်ရောက်ရသည့် ၅ နှစ်သင် အဆင့်မြင့်နည်းပညာကောလိပ် (Kōsen) များ၌ လက်ရှိသင်ကြားပေးနေသော စက်မှုနှ...

ဂျပန်ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းရှိ အလယ်တန်းအောင်ပြီးသူများ တက်ရောက်ရသည့် ၅ နှစ်သင် အဆင့်မြင့်နည်းပညာကောလိပ် (Kōsen) များ၌ လက်ရှိသင်ကြားပေးနေသော စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်များအပြင်၊ ဒေသတွင်းလုပ်ငန်းခွင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေးနှင့် မန်ဂါ (Manga)၊ အန်နီမေးရှင်း (Animation) ဘာသာရပ်သင်တန်းသစ်များကိုပါ တိုးချဲ့ထည့်သွင်းသင်ကြားခွင့်ပြုရန် တည်ထောင်မှုစံနှုန်းများကို ပြင်ဆင်ရေး ဆွေးနွေးလျက်ရှိသည်။ ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကွန်ပျူတာဂရပ်ဖစ် (CG) နှင့် အဆင့်မြင့်ရုပ်ပုံပြုပြင်ခြင်း (Image Processing) ကျွမ်းကျင်မှုများကို ထိရောက်စွာ သင်ကြားရန် ၅ နှစ်တာ အချိန်ယူရမည်ဖြစ်၍ ယခုကဲ့သို့ အန်နီမေးရှင်းသင်တန်းများ ဖွင့်လှစ်ရန် ပြင်ဆင်ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အိုက်ချီ၊ ရှိဂါ ပြည်နယ်များနှင့် ဖူကူအိုကာမြို့တို့က အဆိုပါနည်းပညာကောလိပ်သစ်များ တည်ထောင်ရန် ပြင်ဆင်နေကြသည့်အပြင် ကျွမ်းကျင်ပညာရှင် ဆရာများကို ဆွဲဆောင်နိုင်ရန် လာမည့် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် ဆရာများ၏ လစာတိုးမြှင့်ပေးမည့် ထောက်ပံ့ကြေးများကိုပါ တောင်းခံသွားရန် စီစဉ်နေကြောင်း သိရသည်။

news-view-count-icon

15