back

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဂေါ်ဖီဈေးကွက် ပျက်စီးသဖြင့် တောင်သူများ အရှုံးပေ

May 25 • 4:18 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဂေါ်ဖီဈေးကွက် ပျက်စီးသဖြင့် တောင်သူများ အရှုံးပေ

ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသည့် ဂေါ်ဖီထုပ်များ ယခုနှစ်တွင် ဈေးကွက်ပျက်ကာ ဈေးနှုန်းအဆမတန် ကျဆင်းနေသဖြင့် စိုက်ပျိုးတောင်သူများ အရှုံးပေါ်ပြီး ဂေါ်ဖီခင်းမျာ...

ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသည့် ဂေါ်ဖီထုပ်များ ယခုနှစ်တွင် ဈေးကွက်ပျက်ကာ ဈေးနှုန်းအဆမတန် ကျဆင်းနေသဖြင့် စိုက်ပျိုးတောင်သူများ အရှုံးပေါ်ပြီး ဂေါ်ဖီခင်းများကို ကိုယ်တိုင်ပြန်လည် ဖျက်ဆီးပစ်နေကြရကြောင်း သိရပါတယ်။ပင်းတယ၊ ရွာငံ၊ ပင်လောင်းနှင့် တီကျစ်မြို့နယ်များမှ တောင်သူများသည် ဂေါ်ဖီထုပ်များကို အောင်ပန်းကုန်စည်ဒိုင်အထိ သွားရောက်ရောင်းချကြရသော်လည်းလမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ကားခ၊ စက်သုံးဆီဈေးနှင့် လမ်းကြေးစရိတ်များ မြင့်မားနေမှုတို့ကြောင့် အမြတ်မကျန်ဘဲ ဖြစ်နေကြရပါတယ်။ မနှစ်က ဂေါ်ဖီတစ်ထုပ်လျှင် ၃,၀၀၀ ကျပ်အထိ ဈေးကောင်းရခဲ့သော်လည်း ယခုနှစ်တွင် အောင်ပန်းပွဲရုံ၌ ၁,၃၀၀ ကျပ်သာရရှိပြီး၊ စိုက်ခင်းအထိ လာရောက်ဝယ်ယူသည့် ပွဲစားများက တစ်ထုပ်လျှင် ၃၀၀ ကျပ်သာ ပေးတော့သဖြင့် မျိုးစေ့၊ မြေဩဇာနှင့် လုပ်သားခ အပါအဝင် မြင့်တက်နေသည့် စိုက်ပျိုးစရိတ်ပင် ပြန်မရတော့ကြောင်း တောင်သူများက ဆိုပါတယ်။ထို့ကြောင့် တချို့တောင်သူများမှာ ဆွတ်ခူးရိတ်သိမ်းခပင် မတန်တော့သဖြင့် သီးနှံများကို အခင်းလိုက် ခုတ်ဖြတ်ဖျက်ဆီးပစ်နေကြပြီး၊ နောက်နှစ်တွင် ဆက်လက်စိုက်ပျိုးရန်ပင် မစွန့်စားရဲတော့ကြောင်း သိရပါတယ်။ ပြီးခဲ့သည့်လပိုင်းကလည်း ဟဲဟိုး၊ အောင်ပန်းနှင့် တီကျစ်ဒေသတို့မှ ပန်းဂေါ်ဖီများ ဈေးကွက်ပျက်ပြီး ဝယ်သူမရှိသဖြင့် လမ်းဘေးတွင် လွှင့်ပစ်ခဲ့ကြရသေးကြောင်း သိရပါတယ်။

news-view-count-icon

21