ထိုင်းနိုင်ငံ ဆိုက်ဘာရဲတပ်ဖွဲ့သည် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းလှုပ်ရှားမှုများကို Live တိုက်ရိုက်ထုတ်လွှင့်၍ ငွေကြေးတောင်းခံခြင်းနှင့် လူကြည့်များအောင် လုပ်ဆောင်နေသည့် သံသယရှိသူများကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရန် အပြင်းအထန် လိုက်လံစုံစမ်းရှာဖွေနေကြောင်း သိရပါတယ်။ထိုင်းနည်းပညာနှင့် ဆိုက်ဘာမှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ယခုကဲ့သို့ ညစ်ညမ်း Live လွှင့်ခြင်းနှင့် ဥပဒေနှင့်မကင်းသည့် အရာများကို အွန်လိုင်းပေါ်တင်ခြင်းများသည် ထိုင်းနိုင်ငံ၏ ကွန်ပျူတာအက်ဥပဒေအပြင် အခြားဥပဒေများကိုပါ ပြင်းပြင်းထန်ထန် ချိုးဖောက်နေသည့် ရာဇဝတ်မှုများ ဖြစ်ကြောင်း သိရပါတယ်။ ထို့ကြောင့် အများပြည်သူအနေဖြင့် အဆိုပါ ညစ်ညမ်းဗီဒီယိုများကို Like ပေးခြင်း၊ Share ခြင်းများ မပြုလုပ်ကြရန်နှင့်၊ တွေ့ရှိပါကလည်း သတင်းပေးတိုင်ကြားကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရပါတယ်။



