ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်တွင် ယနေ့ (မေလ ၂၄ ရက်) မွန်းလွဲ ၃ နာရီအချိန်ခန့်က နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနှင့် မိုးကောင်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ထွက်ခွာငြှိမ်းသတ်ခဲ့ကြသည်။ ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း (မီးငြိမ်း) သိရသည်။
May 24 • 12:16 PM
မြန်မာ
ကချင်
မျှဝေမည်
| 25 | 0 | 0 | 0 |


