ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၁၀)၊ လမ်းသွယ် (၂၂) တွင် ယနေ့ (မေလ ၂၄ ရက်) နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မြစ်ကြီးနားခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအပြင်၊ ကျွန်းပင်သာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁ စီးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပါ အင်အားဖြည့်တင်းကာ ထွက်ခွာငြှိမ်းသတ်ခဲ့ကြသည်။ ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း (မီးငြိမ်း) သိရသည်။
May 24 • 11:21 AM
မြန်မာ
ကချင်
မျှဝေမည်
| 23 | 0 | 0 | 0 |


