မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအတွင်းသို့ ပိုမိုအားကောင်းစွာ တိုးဝင်လာနေပြီး၊ မေလ ၂၅ ရက်မှ ၂၉ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးဖြန့်ကြက်မှု သိသိသာသာ အားကောင်းလာကာ မေ ၂၇-၂၈ ရက်များတွင် မိုးအကျယ်ပြန့်ဆုံး Pattern သို့ ရောက်ရှိမည် ဖြစ်သည်။ ရှမ်းပြည်နယ်အပါအဝင် ကုန်းတွင်းပိုင်းဒေသများ၌ ကာလပထမပိုင်းတွင် နေ့ခင်းဘက် အပူအောင်းမှုကြောင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပွားနိုင်ပြီး၊ ကာလနှောင်းပိုင်းတွင် ရှမ်းတောင်၊ ရှမ်းအရှေ့နှင့် တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်တောင်ပိုင်းစသည့် ကမ်းရိုးတန်းဒေသများ၌ ရက်ဆက်မိုးသည်းထန်မှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြစ်ရေလျှံခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိပြုကြရန်နှင့် မေ ၂၆-၂၈ ရက်များတွင် ပင်လယ်ပြင်၌ လှိုင်းကြီးကာ မိုးသက်လေပြင်းကျရောက်နိုင်သဖြင့် ရေကြောင်းခရီးသွားများနှင့် ရေလုပ်ငန်းရှင်များအနေဖြင့် မိုးလေဝသသတိပေးချက်များကို ဂရုပြုစောင့်ကြည့်ကြရန် နှိုးဆော်ထားသည်။
မေ ၂၅ ရက်မှ ၂၉ ရက်အတွင်း တစ်နိုင်ငံလုံးတွင် မိုးကျယ်ပြန့်စွာရွာသွန်းပြီး မုတ်သုံလေ အားကောင်းလာမည်ဖြစ်၍ ရေကြီး၊ မြေပြိုနှင့် လေပြင်းအန္တရာယ် အထူးသတိပြုရန် လိုအပ်
May 24 • 7:18 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


