Tesla ကုမ္ပဏီသည် "FSD Supervised" ဟု လူသိများသည့် အလိုအလျောက်မောင်းနှင်မှုဆော့ဖ်ဝဲလ်ကို တရုတ်နိုင်ငံဈေးကွက်အတွင်း စတင်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်းနှင့် အဆိုပါဆော့ဖ်ဝဲလ်ကို တောင်ကိုရီးယား၊ သြစတြေးလျ၊ ကနေဒါ၊ နယ်သာလန်နှင့် အမေရိကန်ပြည်ထောင်စု စသည့် ကမ္ဘာ့ဈေးကွက်များတွင်ပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း X လူမှုကွန်ရက်မှတစ်ဆင့် တရားဝင်ကြေညာခဲ့သည်။ ဤအတည်ပြုချက်သည် Tesla ၏ CEO အီလွန်မတ်စ် လိုက်ပါသွားခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်နိုင်ငံတရားဝင်ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ယခုအခါ Tesla အနေဖြင့် တရုတ်နိုင်ငံအတွင်း အလိုအလျောက်မောင်းနှင်မှုစမ်းသပ်အင်ဂျင်နီယာများနှင့် ဒေတာမှတ်တမ်းပြုစုသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုပါ အရေးပေါ်ခေါ်ယူလျက်ရှိကြောင်း သိရသည်။
May 24 • 7:16 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


