အညာဒေသထွက် သရေစာမုန့်တစ်မျိုးဖြစ်သည့် မုန့်လေပွေလုပ်ငန်းများမှာ နယ်မြေမတည်ငြိမ်မှုနှင့် ဈေးကွက်သို့ တင်ပို့ရန် ခက်ခဲမှုများအပါအဝင် အခြေအနေအရပ်ရပ်ကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်လာကြောင်း သိရသည်။ ယခင်က မြင်းခြံ၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်တို့တွင် မုန့်လေပွေလုပ်ကိုင်သူ ထောင်နှင့်ချီ ရှိခဲ့သော်လည်း လက်ရှိတွင် ဆက်လက်လုပ်ကိုင်သူ ၅၀ ဝန်းကျင်သာ ကျန်ရှိတော့ကြောင်း မုန့်လုပ်ငန်းရှင်များက ဆိုသည်။ဆန်ဖြင့်ပြုလုပ်ထားသည့် မုန့်ချပ်များကို မီးပြင်းပြင်းပေးထားသော သဲများအတွင်း၌ ဖုတ်ရသည့် မုန့်လေပွေများသည် ယခင်က မန္တလေးအပါအဝင် အညာဒေသမြို့ကြီးများသို့ တင်ပို့ကာ တွင်တွင်ကျယ်ကျယ် ရောင်းချခဲ့ရသော်လည်း၊ ယခုအခါ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် အဝေးသို့ မတင်ပို့နိုင်တော့ဘဲ ဒေသတွင်း၌သာ တစ်ချပ်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် နီးစပ်ရာရွာများသို့ လှည့်လည်ရောင်းချနေရကြောင်း သိရသည်။
အညာဒေသထွက် မုန့်လေပွေလုပ်ငန်းများ နယ်မြေမတည်ငြိမ်မှုနှင့် ဈေးကွက်ခက်ခဲမှုများကြောင့် ကွယ်ပျောက်လုနီးပါးဖြစ်လာ
May 24 • 4:38 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 50 | 0 | 0 | 0 |


