၂၀၂၅-၂၆ ဘောလုံးရာသီ စီးရီးအေနှင့် ကိုပါအီတာလီယာ ဖလားနှစ်လုံးကန် ချန်ပီယံ အင်တာမီလန်အသင်းသည် တစ်နှစ်တာအကောင်းဆုံးဆု သုံးခုကို ဆွတ်ခူးခဲ့သည်။ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အင်တာနောက်ခံလူ ဒီမာကို (၂၇ နှစ်) က ရရှိခဲ့ပြီး ၎င်းသည် ယင်းဆုကို ရရှိသည့် ပထမဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့ကာ ယခုရာသီတွင် ဂိုးဖန်တီးမှု ၁၈ ကြိမ်၊ သွင်းဂိုး ၆ ဂိုးအထိ ရှိခဲ့သည်။
ထို့ပြင် အကောင်းဆုံးနည်းပြဆုကို အင်တာနည်းပြ ချီဗူးနှင့် အကောင်းဆုံးတိုက်စစ်မှူးဆုကို လော်တာရိုမာတီနက်ဇ်တို့က အသီးသီး ရရှိခဲ့ကြသည်။ အခြားဆုများတွင် ဂျူဗင်တပ်စ်မှ ယီလ်ဒစ်ဇ်က တစ်နှစ်တာလူငယ်ဆု၊ ကိုမိုမှ နီကိုပက်ဇ်က အကောင်းဆုံးကွင်းလယ်လူဆုနှင့် ရိုးမားမှ ဆဗီယာက အကောင်းဆုံးဂိုးသမားဆုတို့ ရရှိခဲ့ကြောင်း သိရသည်။


