မန်ယူနိုက်တက် နောက်ခံလူ မက်ဂွိုင်းရားသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ရွေးချယ်မခံရခြင်းမှာ အလွန်ကံမကောင်းမှုတစ်ခုဖြစ်ကြောင်း အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်နီက သုံးသပ်ပြောကြားခဲ့သည်။ မက်ဂွိုင်းရား (၃၃ နှစ်) သည် အင်္ဂလန်အသင်းအတွက် ၆၆ ပွဲ ကစားပေးထားပြီး ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အမာခံဖြစ်ခဲ့သော်လည်း ယခုပြိုင်ပွဲတွင်မူ အာနိုးလ်၊ ပါလ်မာ၊ ဖိုဒန်တို့နှင့်အတူ ရွေးချယ်ခြင်း မခံခဲ့ရပေ။ သို့သော် ရွန်နီက အင်္ဂလန်အသင်းနည်းပြ တူဟယ်လ်အပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
May 24 • 2:46 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 36 | 0 | 0 | 0 |


