back

လာအိုနိုင်ငံက စက်သုံးဆီသုံး မော်တော်ယာဉ် တင်သွင်းမှုကို ရပ်ဆိုင်းပြီး လျှပ်စစ်ကား (EV) များအတွက် ဈေးနှုန်းထိန်းချုပ်မှုများ သတ်မှ

May 24 • 2:23 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုနိုင်ငံက စက်သုံးဆီသုံး မော်တော်ယာဉ် တင်သွင်းမှုကို ရပ်ဆိုင်းပြီး လျှပ်စစ်ကား (EV) များအတွက် ဈေးနှုန်းထိန်းချုပ်မှုများ သတ်မှ

လာအိုနိုင်ငံအစိုးရသည် နိုင်ငံခြားငွေ ပြတ်လပ်မှုနှင့် စက်သုံးဆီတင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချရန်အတွက် စက်သုံးဆီသုံး (Fossil-fuel) မော်တော်ယာဉ်များ ပ...

လာအိုနိုင်ငံအစိုးရသည် နိုင်ငံခြားငွေ ပြတ်လပ်မှုနှင့် စက်သုံးဆီတင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချရန်အတွက် စက်သုံးဆီသုံး (Fossil-fuel) မော်တော်ယာဉ်များ ပြည်ပမှ တင်သွင်းခြင်းကို ယာယီရပ်ဆိုင်းလိုက်ပြီး၊ တစ်ချိန်တည်းမှာပင် ပြည်တွင်း၌ လျှပ်စစ်ကား (EV) သုံးစွဲမှု မြင့်တက်လာစေရန် လျှပ်စစ်ကားများအပေါ် ဈေးနှုန်းမျက်နှာကြက် ကန့်သတ်ချက် (Price controls) များ ချမှတ်လိုက်သည်။ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ လျှပ်စစ်ကား တင်သွင်းရောင်းချသူများအနေဖြင့် အဆမတန် အမြတ်တင်ရောင်းချခြင်းမှ ကာကွယ်ရန်အတွက် သတ်မှတ်ထားသည့် အမြတ်ရာခိုင်နှုန်းအတိုင်းသာ ရောင်းချရမည်ဖြစ်သည်။ ယခုမူဝါဒသည် ကုန်သွယ်ရေးလိုငွေပြမှုကို ထိန်းချုပ်ရန်နှင့် နိုင်ငံအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုကို တွန်းအားပေးရန် ရည်ရွယ်ပြီး၊ လျှပ်စစ်ကားများအတွက် အရည်အသွေး စံချိန်စံညွှန်းနှင့် အာမခံချက်ပိုင်းဆိုင်ရာ စည်းမျဉ်းများကိုလည်း ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။

news-view-count-icon

17