back

ဧရာဝတီတိုင်း၊ မြောင်းမြ-ပြင်ရွာ ကားလမ်းပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားပြီး မီးသတ်တပ်ဖွဲ့က ဖယ်ရှားရှင်းလင်း

May 24 • 2:22 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊ မြောင်းမြ-ပြင်ရွာ ကားလမ်းပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားပြီး မီးသတ်တပ်ဖွဲ့က ဖယ်ရှားရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရေတွင်းရေကန်ကျေးရွာအနီး မြောင်းမြ-ပြင်ရွာ ကားလမ်းပေါ်သို့ ၂၀၂၆ ခုနှစ် မေလ ၂၃ ရက် နေ့လယ်ပိုင်းက လက်ပံပင်နှင့် သီဟိုဠ်ပင်တ...

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရေတွင်းရေကန်ကျေးရွာအနီး မြောင်းမြ-ပြင်ရွာ ကားလမ်းပေါ်သို့ ၂၀၂၆ ခုနှစ် မေလ ၂၃ ရက် နေ့လယ်ပိုင်းက လက်ပံပင်နှင့် သီဟိုဠ်ပင်တို့ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် မြောင်းမြမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးကျော်မင်းသူ ဦးစီးသော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးတို့သည် မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် သွားရောက်ဖယ်ရှားခဲ့ရာ မွန်းလွဲ ၁ နာရီခွဲတွင် ရှင်းလင်းရေးလုပ်ငန်းများ ပြီးဆုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

news-view-count-icon

24