ရှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့နယ်နှင့် ခရိုင်တရားရုံးများတွင် ဖြစ်ပွားသည့် မူးယစ်မှု၊ ကျားဖြန့်နှင့် လူသတ်မှုကဲ့သို့သော အမှုကြီးများကို တရားလွှတ်တော်ရှေ့နေ မစု (ခ) မစုစန္ဒီလင်းက အပိုင်သိမ်းကာ၊ တရားသူကြီးများနှင့် ပူးပေါင်း၍ အမှုပွဲစားသဖွယ် အမှုသည်များထံမှ ဘတ်သန်းဂဏန်းအထိ မတရားငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း တရားရေးအသိုင်းအဝိုင်းကို ကိုးကား၍ မဲခေါင်သတင်းတွင် ဖော်ပြထားသည်။ အဆိုပါရှေ့နေသည် ဟောင်လိတ်စခန်းရှိ အမှုအများစုကို ချုပ်ကိုင်ထားပြီး၊ ခရိုင်တရားသူကြီး ဦးစံမြင့်လက်ထက်မှစတင်ကာ ကျားဖြန့်နှင့် လောင်းကစားအမှုများတွင် ပူးပေါင်း၍ စွဲချက်မတင်ဘဲ လွှတ်ပေးခြင်း သို့မဟုတ် ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းများ ပြုလုပ်ကာ လာဘ်ငွေခွဲဝေယူနေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ လက်ရှိတွင် တာချီလိတ်မြို့နယ်နှင့် ခရိုင်တရားရုံးများရှိ စာရေးများမှအစ တရားသူကြီးများအထိ ငွေပေးစည်းရုံးခံထားရသဖြင့် အဂတိလိုက်စားမှုများပြားကာ ငွေပေးသော်လည်း အမှုမလွတ်ဘဲ မတရားခံရသည့် အမှုသည်များအကြား မကျေနပ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်၌ တရားလွှတ်တော်ရှေ့နေတစ်ဦး တရားသူကြီးများနှင့်ပေါင်းကာ အမှုပွဲစားလုပ်၍ ငွေကြေးမတရားတောင်းခံနေဟုဆို
May 23 • 8:24 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 42 | 0 | 0 | 0 |


