ထိုင်းနိုင်ငံလေဆိပ်များအာဏာပိုင်အဖွဲ့ (AOT) သည် ၎င်းတို့စီမံခန့်ခွဲသည့် သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ချင်းမိုင်၊ ချင်းရိုင်၊ ဖူးခက်နှင့် ဟတ်ရိုင် အပြည်ပြည်ဆိုင်ရာလေဆိပ် ၆ ခုတွင် နိုင်ငံတကာထွက်ခွာမည့် ခရီးသည်ဝန်ဆောင်ခ (PSC) ကို လာမည့် ၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှစတင်ကာ လက်ရှိ ၇၃၀ ဘတ်အစား ၁,၁၂၀ ဘတ် (၃၉၀ ဘတ်တိုးမြှင့်) အထိ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း တရားဝင်အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ပြည်တွင်းခရီးသည်ဝန်ဆောင်ခမှာမူ ၁၃၀ ဘတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ ယခုအခွန်တိုးမြှင့်မှုအပေါ် ကန့်ကွက်မှုများနှင့်ပတ်သက်၍ AOT ဥက္ကဋ္ဌ Paweena Jariyathitipong က အဆိုပါဘဏ္ဍာငွေများကို လေဆိပ်ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ခရီးသည်များ ဘေးကင်းမြန်ဆန်စေရန်နှင့် နိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံ၏ ရေရှည်အကျိုးစီးပွားအဖြစ် အသုံးပြုသွားမည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။ လက်ရှိတွင် AOT အနေဖြင့် ဘတ် ၈၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည့် လေဆိပ်စွမ်းဆောင်ရည်မြှင့်တင်ရေး ၅ နှစ်စီမံကိန်းကို ချမှတ်ထားပြီး ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုများ ပြီးစီး၍ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) ထံ တင်ပြထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတကာလေဆိပ် ၆ ခုတွင် ခရီးသည်ဝန်ဆောင်ခကို ဇွန်လ ၂၀ ရက်မှစ၍ ၁,၁၂၀ ဘတ်အထိ တိုးမြှင့်ကောက်ခံမည်
May 23 • 8:22 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


