မကွေးတိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ပိုမိုသယ်ဆောင်နိုင်ရန်နှင့် ဓာတ်အားစနစ် တည်ငြိမ်ကောင်းမွန်စေရန်အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းရှိ ယခင်အသုံးပြုခဲ့သော ACSR ကြိုးများနေရာတွင် ဝန်အားနှစ်ဆကျော် ပိုမိုသယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးများဖြင့် အစားထိုးလဲလှယ် တပ်ဆင်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မေလ ၂၂ ရက် နံနက် ၆ နာရီမှ မေလ ၂၄ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း လိုအပ်ပါက ဝန်အားထိန်းညှိမှုများ ပြုလုပ်သွားရနိုင်ကြောင်း သက်ဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ပြည်သူများထံ အသိပေး ထုတ်ပြန်ထားသည်။
မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းကို ဝန်အားနှစ်ဆကျော် သယ်ဆောင်နိုင်မည့် နည်းပညာမြင့်ကြိုးများဖြင့် အဆင့်မြှင့်တင်လဲလှယ်နေ
May 23 • 7:59 AM
မြန်မာ
မကွေး
မျှဝေမည်
| 13 | 0 | 0 | 0 |


