မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ဒေသထွက်လက်မှုပစ္စည်းဖြစ် စကော၊ စကာယက်လုပ်ငန်းများမှာ ဈေးကွက်သို့ တင်ပို့ရောင်းချရန် ခက်ခဲလာမှုကြောင့် လုပ်ငန်းအများအပြား ရပ်နားထားရကြောင်း ဒေသခံများထံမှ သိရသည်။ နယ်မြေအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ပစ္စည်းတင်ပို့မှုများ အခက်အခဲဖြစ်ပေါ်နေပြီး ဒေသထွက်လက်မှုပစ္စည်းများကို ပြင်ပဈေးကွက်သို့ တင်ပို့ရန် မလွယ်ကူတော့ကြောင်း ဒေသခံများက ပြောသည်။ “အခုကတော့ အတော်များများ ရပ်ထားကြတာပေါ့။ သွားလာရတာ မလွယ်ဘူး။ ကုန်ပစ္စည်းသယ်ဖို့လည်း ခက်တယ်။ နယ်မြေဒေသကလည်းသိပ်မတည်ငြိမ်တော့ ပိုဆိုးတယ်။ တချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် ဆက်လုပ်နေကြသေးတယ်” ဟု ရေစကြိုမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။ 
May 23 • 7:56 AM
မြန်မာ
မကွေး
မျှဝေမည်
| 18 | 0 | 0 | 0 |


