back

မုတ်သုံလေ မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်၊မိုးတိမ်တောင်ကြောင့်မိုးသက်လေပြင်းတိုက်နိုင်

May 23 • 6:07 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မုတ်သုံလေ မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်၊မိုးတိမ်တောင်ကြောင့်မိုးသက်လေပြင်းတိုက်နိုင်

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်သွားပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တ...

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်သွားပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့မှာတော့ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။lနောက် ၂ ရက်အတွက်ခန့်မှန်းချက်အဖြစ် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

55