back

အီရန်၏ အဆင့်မြင့် သန့်စင်ပြီးယူရေနီယံများကို ရယူမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ထုတ်ဖော်ပြောကြား

May 23 • 5:49 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန်၏ အဆင့်မြင့် သန့်စင်ပြီးယူရေနီယံများကို ရယူမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ထုတ်ဖော်ပြောကြား

အီရန်နိုင်ငံလက်ဝယ်ရှိ သန့်စင်ပြီး ယူရေနီယံလောင်စာများကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ရယူထားရလိမ့်မည်ဖြစ်ကြောင်း သမ္မတဒေါ် နယ်ထရန့်က မေ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြ...

အီရန်နိုင်ငံလက်ဝယ်ရှိ သန့်စင်ပြီး ယူရေနီယံလောင်စာများကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ရယူထားရလိမ့်မည်ဖြစ်ကြောင်း သမ္မတဒေါ် နယ်ထရန့်က မေ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။မိမိတို့အနေဖြင့် အီရန်ပိုင်ဆိုင်ထားသောသန့်စင်ပြီး ယူရေနီယံလောင်စာများအား ရယူထားရ လိမ့်မည် ဖြစ်ကြောင်း၊ ယင်းလောင်စာများကို ရယူပြီးနောက် ဖျက်ဆီးရနိုင်ကြောင်း သမ္မတဒေါ်နယ်ထရန့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။အီရန်နိုင်ငံသည် အဆင့်မြင့်သန့်စင်ထားသော ယူရေနီယံပမာဏ ပေါင်ချိန် ၉၀၀ ခန့် ပိုင်ဆိုင်ထားဖွယ်ရှိ ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။အီရန်နိုင်ငံအနေဖြင့် လက်ဝယ်ပိုင်ဆိုင်ထားသော ယူရေနီယံလောင်စာများကို မည်သူ့ထံမျှ လွှဲပြောင်း ပေးလိမ့်မည်မဟုတ်ကြောင်း အီရန်အစိုးရက ပြောကြားထားသည်။ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သောအီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပရာတွင် အီရန်၏ ယူရေနီယံသန့်စင်ရေးလုပ်ငန်းပြဿနာမှာ အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား သဘောထားကွဲလွဲနေဆဲဖြစ်သည့် ပြဿနာများထဲတွင်ပါဝင်ကြောင်းသိရသည်။



news-view-count-icon

32