back

မြန်မာဖိုက်တာ ဘရော်နီကာ ဂျပန်ပြိုင်ဘက် ကာနာကို အမှတ်ဖြင့်အနိုင်ယူပြီး ONE Friday Fights 155 ပြိုင်ပွဲတွင် အောင်ပွဲခံ

May 22 • 2:11 PM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာဖိုက်တာ ဘရော်နီကာ ဂျပန်ပြိုင်ဘက် ကာနာကို အမှတ်ဖြင့်အနိုင်ယူပြီး ONE Friday Fights 155 ပြိုင်ပွဲတွင် အောင်ပွဲခံ

ယနေ့ မေလ ၂၂ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ONE Friday Fights 155 အားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဖိုက်တာ ဘရော်နီကာသည် ဂျပန်နိုင်ငံသူဖိုက်တာ ကာနာနှင့် ယှ...

ယနေ့ မေလ ၂၂ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ONE Friday Fights 155 အားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဖိုက်တာ ဘရော်နီကာသည် ဂျပန်နိုင်ငံသူဖိုက်တာ ကာနာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ သတ်မှတ်အချီပြည့်သည်အထိ အကောင်းဆုံးခြေပပြသကာ အမှတ်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြချက်အရ သိရသည်။ အဆိုပါပွဲစဉ်တွင် ဘရော်နီကာသည် ပြိုင်ဘက်ဖြစ်သူ ကာနာကို ပွဲစတင်ကတည်းက အသာစီးဖြင့် ဖိအားပေးတိုက်ခိုက်နိုင်ခဲ့ပြီး ပြတ်သားသော တိုက်ကွက်များနှင့်အတူ ဒိုင်လူကြီးများ၏ တညီတညွတ်တည်း အဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ မြန်မာပရိသတ်များအတွက် နောက်ထပ် ဂုဏ်ယူဖွယ်ရာ အောင်ပွဲတစ်ခုကို ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

28